သမိုင်းကြောင်း

          ဒီမိုကရေစီ ပထမအစိုးရကာလတွင် ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈  ရက်တွင် ကြေညာချက် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ကမ်းလှမ်း ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြည်ထောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးဗဟိုကော်မတီ (Union Peace Central Committee-UPCC) အား ဖွဲ့စည်းခဲ့ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သောအဖွဲ့ဝင် ၅၂ ဦးဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace and Work Committee -UPWC) ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (Myanmar Peace Centre -MPC) အား ဖွဲ့စည်းခဲ့ပါသည်။  ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တို့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ကျင်းပနိုင်ခဲ့ပါသည်။

          ဒီမိုကရေစီ ဒုတိယအစိုးရကာလ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ငြိမ်းချမ်းရေးကော်မရှင် (PC) ကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ် ကျင်းပခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်ဖော်ဆောင်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟု လုပ်ငန်းစဉ်တစ်ရပ်ချမှတ်ခဲ့ပါသည်။ နိုင်ငံရေးဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”ဟု ဦးတည်ချက် ချမှတ်ခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ယခင်သဘောတူညီချက်များအပြင် ယင်းတို့နှင့် ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဖော်ဆောင် နိုင်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍လည်းကောင်း၊ လုပ်ငန်း ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍လည်းကောင်း၊ ညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာကော်မတီ ၃ ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သောမူဝါဒများ ချမှတ် ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒ၊ လမ်းညွှန် ချက်များနှင့်အညီ လိုအပ်သည့်အချိန်ဇယားနှင့် မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရေး၊ NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပါဝင်လက်မှတ်ရေးထိုးလာစေရေးတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ငန်းကော်မတီမှ ချမှတ် ပေးသည့် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ပေးထားသည့် အချိန်ဇယားများအတိုင်း ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          အမျိုးသားစည်းလုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများအနေဖြင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ၊ ငြိမ်းချမ်းရေးသက်ဆိုင်သည့် အခြားအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုဦးစီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၁-၉-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၂၂/၂၀၂၁ ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါဦးစီးဌာနတွင် အုပ်ချုပ်ရေး၊စီမံခန့်ခွဲ‌ရေးနှင့်ဝန်ထမ်းရေးရာ ဌာနခွဲ၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနခွဲ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုဌာနခွဲ၊ ဘဏ္ဍာရေးဌာနခွဲနှင့် မဟာဗျူဟာနှင့်သုတေသနဌာနခွဲ များဖြင့် ဖွဲ့စည်းထားရှိပါသည်။

          အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနအနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီတို့မှ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၊ ငြိမ်းချမ်းရေးသက်ဆိုင်သည့် အခြားအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအပေါ် အထောက်အကူဖြစ်စေရန် ပံ့ပိုးဆောင်ရွက်လျက်ရှိပါသည်။