ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ငြိမ်းချမ်းရေးလိုလားသူတို့၏ စကားသံများ (၅-၁၂-၂၀၂၄)

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများ၏ စကားသံများ

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့် ငြိမ်းချမ်းရေး၏ အလားအလာ

ငြိမ်းချမ်းရေးရရှိဖို့သည် လူ့အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု၊ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တစ်ပြည်သည် စည်ပင်သာယာ ဝပြောမှုများ မရရှိနိုင်သည့်အပြင် တိုင်းရင်သား ပြည်သူများ၏ လူမှုစီးပွား ဘဝများ အားလုံးသည်လည်း ပြိုလဲပျက်စီး သွားနိုင်သည်ဆိုသည်ကို သမိုင်းသင်ခန်းစာ များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။