၁။ (၇၅)နှစ်တာကာလအတွင်းတွင်လည်း နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံ ဒီမိုကရေစီစနစ်တစ်ခုတည်းနှင့် မပြည့်စုံဘဲ တိုင်းရင်းသားအားလုံးပေါင်းစည်းနေထိုင်ပြီး အခွင့်အရေး မျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ် တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံး ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ထို့ကြောင့် နိုင်ငံတော်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ဖက်ဒရယ် စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကိုခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း။ ထို့ကြောင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများအတူတကွ ပေါင်းစည်း နေထိုင်ပြီးတိုင်းဒေသကြီး၊ပြည်နယ်များအလိုက်အခြေခံ ဥပဒေအရပြဋ္ဌာန်းခွင့်များ ရရှိမည်ဖြစ်ကြောင်း။ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်း၊တာဝန်ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်း ထားသည့် ဥပဒေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရန် အခြေခံသည်လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာသည့် ရလဒ်များအရ လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက် နိုင်ငံတော် ယန္တရားကိုလည်ပတ် ကြရကြောင်း။ ထို့ကြောင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲ များတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာ အသီးသီးကို ကိုယ်စားပြုသည့်သူများ ဝင်ရောက်အရွေးချယ်ခံနိုင် ရန်နှင့်နိုင်ငံအနှံ့အကြား အလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း။
၂။ ထို့ပြင် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံပြီး ဆောင်ရွက်သွားမည် ဖြစ်ခြင်းကြောင့် NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကိုလည်း တပ်မတော်အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ဒို့တာဝန် အရေးသုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်ရာတွင် မိမိကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း။