ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင်တိုးတက်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက်ကျင့်သုံးသည့် ဒီမိုကရေစီကျင့်သုံးပုံချင်း တူညီမှုမရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းစကာလတွင် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့လိုလားသည့် ပုံစံအတိုင်းဖြစ်စေရေး နည်းလမ်းအမျိုးမျိုးဖြင့် တွန်းအားပေး ဆောင်ရွက်ခဲ့မှုများရှိ၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။
Related Posts
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁-၁၀-၂၀၂၁)
- Main Admin
- October 1, 2021
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း၊ […]
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၉-၁-၂၀၂၄)
- Main Admin
- January 30, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိ ၁။ အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်ကောင်းစေရန်အတွက် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉-၆-၂၀၂၂)
- Editor Sector Two
- June 9, 2022
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့် ငြိမ်းချမ်းရေး ၁။ နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုဖြစ်ပေါ် ခဲ့ကြောင်း၊ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် […]