၁။ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်လို့ တပ်မတော်နဲ့ နိုင်ငံရေးပါတီတွေမှ UEC အဆင့် ၊ အဲ့ဒီမှ ပြည်ထောင်စု လွှတ်တော်အဆင့် ၊ နောက်အစိုးရအဆင့် ဖြေရှင်းပေးဖို့ ဥပဒေနဲ့အညီတောင်းဆိုခဲ့ပါတယ်။ မဲမသမာမှုတွေကို ရင်ဆိုင်မဖြေရှင်းရဲဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူဖို့ မတရားကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူဖို့ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်ရဲ့ ဒီမိုကရေစီလျှောက်လှမ်းမှုကို ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်လာစေမှာဖြစ်လို့ နိုင်ငံရေး အရအရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါတယ်။
၂။ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်တွေမှာ ကျင်းပခဲ့ ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့ပေမယ့် ပြေလည် အောင်ဖြေရှင်းနိုင်ခဲ့ပါတယ်။ဒီ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မဲမသမာမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မသမာမှုများ ဖြစ်ပေါ်ခဲ့ ပါတယ်။ ဒီလုပ်ရပ်ဟာ ၁၀ နှစ်သာရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ပါတီစုံဒီမိုကရေစီ ကျင့်သုံးမှုအပေါ် အလေးထားမှုလျော့ပါးစေပါတယ်။ အလွန်အကျည်းတန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့်ရွေး ကောက်ပွဲကို ထိခိုက်အောင် လုပ်ခဲ့သူတွေကို တည်ဆဲဥပဒေတွေအရ အရေးယူမှုတွေ ဆောင်ရွက် လျက်ရှိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်လုပ်ဆောင် ပေးသွားမယ်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ နိုင်ငံတော်ရဲ့ အထွေထွေရွေးကောက်ပွဲ ဖြစ်တဲ့ အတွက် နိုင်ငံတစ်ဝန်းလုံးစိတ်အေးချမ်းသာစွာ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးရအောင် မဲပေး နိုင်ဖို့လိုပါတယ်။
၃။ ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘော တရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊မျှဝေခံစားခြင်းဖြစ်ပါတယ်။တိုင်းရင်းသား ပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့်မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ် ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)ကို သွားမှာဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ဘယ်လိုပဲအယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ် မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း အလေးထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးခြင်းနဲ့ ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေအကြား ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် တွေအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရရှိစေမှာ ဖြစ်ပါတယ်။
၄။ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးရှိ တိုင်းရင်းသားအားလုံး တူညီတဲ့အခွင့်အရေးတွေရရှိဖို့ အချိုးကျကိုယ်စားပြုခြင်း စနစ် (Proportional Representation-PR)ကို ကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ စိတ်ပါဝင်စားသူတွေနဲ့စုပေါင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ လေးကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
၅။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ် တည်ဆောက်မယ်ဆိုရင် နိုင်ငံရေးအားမကောင်းစရာမရှိပါဘူး။
၆။ “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” နဲ့ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ကို အာမခံပါတယ်။