၁။ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ် မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်မှာတိုင်းပြည်သာယာဝပြော ရေး၊ စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝ ပြောရေး၌ ပြည်သူပြည်သားများ အားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြား နိုင်ရမည် ဖြစ်ကြောင်း၊
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထားသည့် ဦးတည်ချက် ၉ ရပ်ကို ရှင်းလင်းပြောကြားလိုကြောင်း၊ နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဟုချမှတ်ထားကြောင်း၊ မိမိတို့ အနေဖြင့် ပါတီစုံဒီမိုကရေ စီစနစ်ကို ခိုင်မာစွာအကောင်အထည်ဖော်၊ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ သို့သော် ပါတီစုံ ဒီမိုကရေစီစနစ်သည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ရန်လိုကြောင်း၊ အဆိုပါစနစ်ကို ကျင့်သုံးရာတွင် အစိုးရတစ်ရပ် (သို့မဟုတ်) နိုင်ငံကို ဦးဆောင်သည့် သမ္မတ၊ ဝန်ကြီးချုပ်တို့က ဦးဆောင်အကောင်အထည် ဖော်ရခြင်းပင်ဖြစ်ကြောင်း၊ “စစ်မှန်စည်းကမ်းပြည့်ဝ သည့်” ဟူသည့် စကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းထားရခြင်းမှာ ဒီမိုကရေစီစနစ်ကို စည်းကမ်းပြည့်ဝစွာ ဖြင့်အသုံးပြုနိုင်ရန်ဖြစ်ကြောင်း၊ ယခင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း။
ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍ မရဘဲ ဒေသကိုအခြေခံ၍ ဆောင်ရွက် ရမည်
၃။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြာခဏ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ် ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကိုပေါင်းစပ် ထားသည့် ပြည်ထောင်စု ပင်ဖြစ်ကြောင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားများအားလုံး စုစည်း နေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရာတွင် လူမျိုးကိုအခြေခံ၍မရဘဲ ဒေသကိုအခြေခံ၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့် ပတ်သက်၍ ပေးထားပြီးဖြစ် သည်ကို လေ့လာ ကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့်အချက်များကို ပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘော တူညီထားပြီးဖြစ်ကြောင်း။ သို့သော်နိုင်ငံအတွက် အရေးကြီးသည့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက် စေဘဲဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင် ရန်လိုကြောင်း၊
၄။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို တည် ဆောက်ရန်အတွက် အဓိကအားဖြင့် ဆူးငြောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေး များနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိအခြေအနေများနှင့် ကိုက်ညီစွာစဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေး ဆောင် ရွက်ကြရန်လိုကြောင်း၊