လုံခြုံရေးကဏ္ဍ (Security Sector)

လုံခြုံရေးကဏ္ဍတွင် မည်သူပါဝင်သနည်း?

          နိုင်ငံအဆင့်နှင့် ဒေသန္တရအဆင့်ဆင့်တို့ရှိ လုံခြုံရေးအား ဆောင်ရွက်၊ စီမံကာ ကြီးကြပ်ထိန်းချုပ်ပေးရန် တာဝန်ရှိသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးသည် လုံခြုံရေးကဏ္ဍတွင် ပါဝင်ပါသည်။ အင်အားအသုံးပြုသူအပြင် စီမံခန့်ခွဲပေးခြင်းနှင့် ကြီးကြပ်မှုပေးခြင်းတို့အားဖြင့် အင်အားမည်သို့မည်ပုံအသုံးပြုသည်ကို ထိန်းချုပ်ပေးရန် တာဝန်ရှိသူ အစရှိသဖြင့် ပတ်သက်ဆောင်ရွက်သူနှစ်ဦးသည် လုံခြုံရေး ကဏ္ဍတွင် ပါဝင်နေပါသည်။ ထိုကဲ့သို့ ဆောင်ရွက်လုပ်ကိုင်သူများသည် လုံခြုံရေးအား ဆောင်ရွက်ပေးသည့် နိုင်ငံကဖွဲ့စည်းထားသော အဖွဲ့များသော်လည်းကောင်း၊ လုံခြုံရေးအား စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ပေးရန် တာဝန်ရှိသည့်သူများသော်လည်းကောင်း ဖြစ်ကြရာဝယ် လူမှုအဖွဲ့အစည်းသည်လည်း အပါအဝင်ဖြစ်ပါသည်။

နိုင်ငံကာကွယ်ရေးနှင့် ဥပဒေအာဏာသက်ရောက်စေရေးတို့အစား အဘယ်ကြောင့် လုံခြုံရေး ကဏ္ဍတစ်ခုလုံးအား အာရုံစိုက်ရသနည်း?

          လုံခြုံရေးအဖွဲ့အစည်းများသည် ပြည်ပနှင့် ပြည်တွင်းလုံခြုံရေး၊ နိုင်ငံလုံခြုံရေးနှင့် ပြည်သူလူထုဘေးကင်းရေး စသည်တို့အား အစဉ်အလာအရ ခွဲခြား၍ ပြုမူခဲ့ပါသည်။ ပြင်ပမှ ကျူးကျော်ရန်စမှုများနှင့် ကာကွယ်ရေးတို့အတွက် စစ်တပ်၏ စွမ်းဆောင်ရည်များကို ပြည်တွင်းလုံခြုံရေး၊ လူထုဘေးအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် တရားဥပဒေစိုးမိုးကာ တည်ငြိမ်အေးချမ်းရေး စသည်တို့နှင့် သီးခြားစီဖြစ်ပြီး ဆက်စပ်မှု ကြီးမားစွာ မရှိဟု ယူဆ ထားခဲ့ကြပါသည်။ ယင်းသည် ပြောင်းလဲလာကာ နိုင်ငံအား ဗဟိုပြုပြီး လုံခြုံရေးအား နားလည်သဘောပေါက်မှုများမှ ပြည်သူကို ပိုမိုဗဟိုပြုသည့် လူသားလုံခြုံရေး အမြင်မျိုးဆီသို့  ဦးတည်ရွေ့လျားလာခဲ့ပါသည်။

          လုံခြုံရေးကိစ္စအား ပြည်တွင်းပြည်ပ လုံခြုံရေးအတွက် ဆောင်ရွက်မှု၊ စစ်ဘက် ရေးရာအပိုင်းမှ ဆောင်ရွက်မှုနှင့် စစ်ရေးနှင့် မသက်ဆိုင်သော အပိုင်းမှ ဆောင်ရွက်မှု၊ နိုင်ငံအတွက်နှင့် ပြည်တွင်းအတွက် ဆောင်ရွက်မှု၊ နိုင်ငံ့အပိုင်းမှ ဆောင်ရွက်မှုနှင့် နိုင်ငံ အနေဖြင့် မဟုတ်သည့်ဆောင်ရွက်မှု အစရှိသဖြင့် အားလုံးကိုပေါင်း၍ တစ်ခုတည်းသော လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်အနေဖြင့် ပြည်သူ၏တာဝန်အဖြစ် မှတ်ယူလျှင် အဓိပ္ပါယ် ပြည့်ဝမည်ဖြစ်ကြောင်း အကြောင်းရင်းများစွာက ဖော်ပြပြီးဖြစ်ပါသည်။

  • လူသားလုံခြုံရေးက မီးမောင်းထိုးပြခဲ့သည်မှာ နိုင်ငံ၏ မတူကွဲပြားသည့်လူထုတစ်ရပ် လုံးအား လုံခြုံမှုပေးစွမ်းနိုင်သည့် လုံခြုံသော နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးမားပုံပင် ဖြစ်သည်။
  • ဖွံ့ဖြိုးမှုဆောင်ရွက်သူများက ထောက်ပြဆွေးနွေးသည်မှာ အမျိုးမျိုးသော နိုင်ငံပိုင် လုံခြုံရေးအဖွဲ့အစည်းအားလုံးသည်လည်း ပြည်သူ့ကဏ္ဍ၏ အခြားသော အစိတ် အပိုင်းများနည်းတူ တူညီသည့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် တူညီသည့် တာဝန်ခံမှု စံချိန်စံညွှန်းများ အောက်တွင်သာထားရှိသင့်ကြောင်း ဖြစ်ပါသည်။
  • နိုင်ငံတကာ၏ လုံခြုံရေးအခြေအနေပြောင်းလဲမှုများကြောင့် ပြည်တွင်းနှင့်ပြည်ပ လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်များအကြား ထူးခြားကွာဟချက်များသည် မရှင်းမလင်း ဖြစ်ခဲ့ရပါသည်။
  • ကဏ္ဍခွဲများဖြစ်ကြသည့် နိုင်ငံအတွက် လုံခြုံရေးဆောင်ရွက်မှုအပါအဝင် နိုင်ငံနှင့် နိုင်ငံမဟုတ်သော ဆောင်ရွက်လုပ်ကိုင်သူများ စသည်တို့အကြား ဆက်နွယ်ချိတ်ဆက် မှုများအား အသိအမှတ်ပြုလက်ခံခြင်းက လုံခြုံရေးအား ဆောင်ရွက်ပေးမှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ထိန်းချုပ်မှုတို့ကို လုံးလုံးလျားလျား ခြုံငုံကာ နားလည် သဘောပေါက်မှု လိုအပ်ကြောင်း ထင်ရှားစေပါသည်။

ယင်းအကြောင်းတရားများ၏ ရလဒ်အနေဖြင့် နိုင်ငံသည် ယင်းကိုယ်၌၏ လုံခြုံရေး၊ လူပုဂ္ဂိုလ်များ၏ လုံခြုံရေးနှင့် နောက်ခံအမျိုးမျိုးရှိသည့် ပြည်သူအသိုက်အဝန်းများ၏ လုံခြုံရေး စသည်တို့အား ဖြည့်ဆည်းပုံနှင့်ပတ်သက်ကာ ပို၍ကျယ်ပြန့်သည့် ရှုထောင့် တစ်ခုဖြစ်သော လုံခြုံရေးကဏ္ဍဟူသည့် အတွေးအယူအဆပေါ်ထွက်လာခဲ့ပါသည်။ “လုံခြုံရေးကဏ္ဍ”ဟူသည့် စကားရပ်သည် ပြည်သူ့ဝန်ထမ်းရွက်ရာတွင် ဆောင်ရွက်သော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းသစ်၏ စေ့ဆော်မှုကြောင့် ဖြစ်ပါသော်လည်း “လုံခြုံရေးစနစ်”ဆိုသည့် စကားရပ်အားလည်း ထပ်တူ ဖြစ်သောအချက်ကို ဆိုလိုရန် အသုံးပြုခဲ့ကြရာ လုံခြုံရေးအားဆောင်ကျဉ်းရာ၌ ဆက်နွယ်မှုရှိကြသည့် မြောက်များစွာသော ဆောင်ရွက်လုပ်ကိုင်သူများကို ပါဝင်စေကာ အားလုံးခြုံငုံ၍ စဉ်းစားသုံးသပ်ရမည်ဆိုသည့် အချက် ဖြစ်ပါသည်။

လုံခြုံရေးဆောင်ရွက်ပေးသည့် နိုင်ငံ့အဖွဲ့အစည်းများမှာ မည်သူများနည်း?

          လုံခြုံရေးဆောင်ရွက်ပေးသည့် နိုင်ငံပိုင်အဖွဲ့များမှာ နိုင်ငံမှတည်ထောင်ထားပြီး နိုင်ငံ ၏ကိုယ်စား အင်အားအသုံးပြုရန် တရားဝင်ခွင့်ပြုခံထားရသည့် အဖွဲ့အစည်းများ ဖြစ်ပါ သည်။ အင်အားအသုံးပြုခြင်းတွင် ပါဝင်သောအရာများမှာ အင်အားပြခြိမ်းခြောက်ခြင်းနှင့် အချို့သောအခြေခံအခွင့်အရေးများကို သီးခြားအခြေအနေများတွင် ဥပဒေကပြဋ္ဌာန်းပေး ထားသည့်အတိုင်း ကန့်သတ်ခြင်းတို့ ပါဝင်ပါသည်။

          လုံခြုံရေးကဏ္ဍတစ်ခုချင်းစီတိုင်းသည် ကွဲပြားသော်လည်း လုံခြုံရေးဆောင်ရွက်ပေး သည့် နိုင်ငံပိုင်အဖွဲ့အစည်းများတွင် ပါဝင်လေ့ရှိသည်များမှာ –

  • လက်နက်ကိုင်တပ်ဖွဲ့များ၊ ဥပမာ- ကြည်းတပ်၊ ရေတပ်၊ လေတပ်များ၊ ကမ်းခြေစောင့် တပ်များနှင့် အခြားစစ်တပ်နှင့် အရန်တပ်ဖွဲ့စည်းထားမှုများ
  • ဥပဒေသက်ရောက်စေရေး ပြည်သူပိုင်အဖွဲ့အစည်း၊ ဉပမာ – ရဲအဖွဲ့၊ ရဲတာဝန်ထမ်း စစ်သည် အဖွဲ့နှင့် အရန်ရဲလုပ်ငန်းတပ်ဖွဲ့များ
  • အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်များအတွက် သက်တော်စောင့်တပ်ဖွဲ့များ၊ ဥပမာ – သမ္မတသက်တော်စောင့် ကိုယ်ရံတော်အဖွဲ့များ သို့မဟုတ် အနီးကပ်စောင့်ရှောက်ရေး တပ်စိတ်များ
  • စစ်ဘက် အရပ်ဘက် အပါအဝင် ပြည်ပနှင့် နိုင်ငံတွင်း ထောက်လှမ်းရေးဌာနများ
  • နယ်ခြားစောင့်တပ်များနှင့် အကောက်ခွန်အာဏာပိုင်များ
  • သီးသန့်တပ်ဖွဲ့များနှင့် နယ်မြေလုံခြုံရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံစောင့်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးနှင့် အရေးပေါ်တပ်ဖွဲ့စည်းထားမှုများ၊ နိုင်ငံအစိုးရနှင့် စာချုပ်ချုပ်လုပ်ကိုင်သော စီးပွားဖြစ် လုံခြုံရေးဆောင်ရွက်ပေးသူများ။

အမျိုးသားရေး အခြေအနေအရပ်ရပ်ရှိသည့်အလျောက် လုံခြုံရေးဆောင်ရွက်ပေး သည့် နိုင်ငံ ပိုင်အဖွဲအစည်းများ စာရင်းအင်းမှာ ကွဲပြားပါလိမ့်မည်။ ဥပမာ- နိုင်ငံတိုင်းတွင် စစ်တပ် သို့မဟုတ် ရဲတာဝန်ထမ်းစစ်သည်အဖွဲ့ မရှိပါ။ သို့သော် လုံခြုံရေး ဆောင်ရွက်ပေး သည့် နိုင်ငံပိုင်အဖွဲ့များအားလုံးသည် လုံခြုံရေးကဏ္ဍ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုတိုင်းတွင် ပါဝင် ကြပါသည်။ သိုသော် လုံခြုံရေးကဏ္ဍတွင် နိုင်ငံပိုင်လုံခြုံရေးဆောင်ရွက်ပေးသူများထက် များပြားသောအရာများ ရှိပါသေးသည်။

မှီငြမ်းကိုးကား။ Geneva Centre for the Democratic Control of Armed Forces,

“Parliaments”, SSR Backgrounder Series (Geneva: DCAF, 2015)