(၉)ကြိမ်မြောက် မော်စကိုနိုင်ငံတကာလုံခြုံရေးညီလာခံ (9th Moscow Conference on International Security) ၌ “The Asia-Pacific Region in the Context of Global Politics” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကောက်နုတ်ချက် (၂၃-၆-၂၀၂၁)

      ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိုအကြောင်းပြပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကိုလည်း တွင်ကျယ်စွာတွေ့ရှိရမှာဖြစ်။ လက်ရှိမိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်အပေါ် ရိုးသားမှုများပြန်လည်ဖြစ်ပေါ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်။

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၁-၆-၂၀၂၁)

  တပ်မတော်သည် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် တတိယအကြိမ်နှစ်ပတ်လည်နေ့ အခမ်းအနား၌ […]