စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၁-၃-၂၀၂၁)

    ဝန်ကြီးဌာနများတွင် ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ဝါဒမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့်  ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။ […]

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၁) ကောက်နုတ်ချက် (၃-၃-၂၀၂၁)

၁။       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီ နှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့် ပတ်သက်၍လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး […]

နိုင်ငံတော်၏အခြေအနေအရပ်ရပ်အားပြည်သူလူထုသို့ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက် (၈-၂-၂၀၂၁)

    “တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ကပင် ပြည်သူတို့လိုလားတောင်းဆိုတဲ့ “ပါတီစုံ ဒီမိုကရေစီစနစ်”ကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအားတွေ့ဆုံပြီးနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊အုပ်ချုပ်ရေး၊ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည့်အမှာစကားကောက်နုတ်ချက်(၈-၂-၂၀၂၁)

    “တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့သည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ‌ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးနှင့် လုံခြုံရေးသည် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုဟု […]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးတွင် ပြောကြားသည့် တင်ပြချက်မှ ကောက်နုတ်ချက် (၁-၂-၂၀၂၁)

      “ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်မှသာလျှင် ပြည်သူ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်ပါကြောင်း”