နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအားတွေ့ဆုံပြီးနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊အုပ်ချုပ်ရေး၊ငြိမ်းချမ်းရေး၊တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည့်အမှာစကားကောက်နုတ်ချက်(၈-၂-၂၀၂၁)

    “တပ်မတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခဲ့သည့်အတိုင်း ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ‌ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးနှင့် လုံခြုံရေးသည် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုဟု ပြောသည့်အခါ နိုင်ငံရေးရင့်ကျက်မှု ရှိရန်လည်းလိုအပ်ကြောင်း၊ ရင့်ကျက်မှုရှိမှ တည်ငြိမ်အေးချမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်”