တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများအားတွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၁၃-၁-၂၀၂၂)

       တပ်မတော်သည် ပြည်သူကြားကပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည့်အတွက် ပြည်သူတို့လိုလား တောင့်တနေရသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ယခင်တပ်မတော် အစိုးရလက်ထက် ဒီမိုကရေစီမကူးပြောင်းမီ ကာလများတွင် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့်ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊၂၀၀၈ ခုနှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၉၂.၁၈ ရာခိုင်နှုန်း ကျော်ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ကို အတည်ပြုခဲ့ပြီး ပြည်သူတို့လိုလား တောင့်တသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ဒီမိုကရေစီ ပထမသက်တမ်းကာလ သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကျပ်အတည်းများ၊ ပြင်ပနိုင်ငံများ၏ ဖိအားပေးမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ အကြား ခက်ခက်ခဲခဲဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။

       NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ အတွေ့အကြုံများအရ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီပါတီများ၏ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုများ တွင်လည်း အမိန့်အမျိုးမျိုး ထုတ်ပြန်ခဲ့ကြောင်း။

       မိမိတို့အနေဖြင့် နိုင်ငံတော်၏အာဏာကို သိမ်းယူခြင်း မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်သဖြင့်နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊