မိမိတို့သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို သွားနေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်း ဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထားအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုကိုအခြေခံ၍ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ်နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်တွင် တူညီသည့်အခွင့်အရေးကိုသာပေးထားကြောင်း၊ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
Related Posts
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၉-၁၁-၂၀၂၃)
- Editor Sector Two
- November 30, 2023
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ ၁။ “ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီက ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင် […]
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၂၄-၁၁-၂၀၂၁)
- Main Admin
- November 24, 2021
မိမိတို့နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ကို အနည်းငယ်ပြောကြားလိုပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း လွန်ခဲ့သည့်ဆယ်နှစ်ကျော်ခန့်က တပ်မတော်က ဦးစီးဦးဆောင်ပြုပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာကူးပြောင်းပေးခဲ့သကဲ့သို့ ဒီမိုကရေစီစနစ်နှင့် လိုက်ဖက်မည့် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၂) တွင် ပြောကြားသည့် (၂၇-၉-၂၀၂၂)
- Editor Sector Two
- September 27, 2022
အမှာစကား ကောက်နုတ်ချက် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်ရာတွင်ဖြစ်သင့် […]