နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁- ၉-၂၀၂၃)

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူများအားလုံး ပညာတတ်များဖြစ်ရန်လို

၁။       မိမိတို့၏နိုင်ငံရေးရည်မှန်းချက်မှာစစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ် ကြောင်း၊အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စု တစ်ဝန်းလုံးတည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်”ဟု ချမှတ်ထားကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုဆောင်ရွက်ရာတွင် ဒီမိုကရေစီစနစ်၊ ဖက်ဒရယ် အုပ်ချုပ်ရေးတို့နှင့်ပတ်သက်၍ ခွဲခြား၍ရကြောင်း၊ ဖက်ဒရယ်စနစ်ကို လူမျိုးအားအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိကထားဆောင်ရွက် နေခြင်းဖြစ်ကြောင်း။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆောင်ရွက်ရာတွင် အဆိုပါစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သူ၊ဦးဆောင်သူ၊လိုက်နာကျင့်သုံးသူများ အားလုံး အသိပညာ အတတ်ပညာများရှိရန်လိုကြောင်း၊

၂။       ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွားရာတွင် ပညာတတ်များ ဖြစ်ရန်လိုကြောင်း၊ ဥပဒေနှင့်ပတ်သက်သည့် အသိပညာများကိုလည်း နားလည်မှုရှိရန်လိုကြောင်း။