ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် ( ၉- ၉-၂၀၂၃ )

၁။       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြား ရာတွင် ယခုအခါတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်း လျက်ရှိပြီး နိုင်ငံရေး အရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်း စွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိ နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊

၂။       ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့် ဖြစ်စဉ် တစ်ခုအဖြစ်သာ ယေဘုယျ သဘောထားကြသော်လည်း ၎င်းနောက်ကွယ်၌ ဖြစ်ပွားရသည့် အကြောင်းရင်း များစွာရှိသည်က လေ့လာတွေ့ရှိနိုင်ကြောင်း၊ ဆိုရှယ်လစ်စနစ်ကို မကြိုက်နှစ်သက်ခြင်း ကြောင့် ပါတီစုံဒီမိုကရေစီ စနစ်ကို တောင်းဆိုခဲ့ကြကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရတက်လာခဲ့ပြီး ပြည်သူ လူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီ စနစ်ကိုကျင့်သုံးနိုင်ရေး ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊

၃။       မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး နိုင်ငံရေးအရ၊ တိုင်းရင်း သားရေးအရ၊ဘာသာရေးအရ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ နှင့်လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်နှင့်အညီ ဥပဒေပညာနှင့် ပတ်သက်၍ သိရှိနားလည်ရန် လိုအပ်သဖြင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များနှင့် စီးပွားရေးဘာသာရပ် များကို သင်ကြားပေးလျက်ရှိကြောင်း။