ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၁-၂၀၂၄) Posted on January 27, 2024March 1, 2024 by Main Admin ဥပဒေပြင်ပမှ တောင်းဆိုလာ နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ် ကျော်လွန်လာပြီဖြစ်သော်လည်း နိုင်ငံရေးခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးမျှော်မှန်းချက် ၂ ရပ်ကို ချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည် ကောင်းအောင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါမျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက် များစွာရှိနေသေးကြောင်း။
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၂၇- ၃-၂၀၂၃) Editor Sector Two March 27, 2023 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရာမှာအဓိက အခြေခံအချက် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည် သွားမှာပဲဖြစ်တယ်။အဲဒီကနေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ် ဖြစ်တဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် […]
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက် (၄-၁-၂၀၂၄) Main Admin January 4, 2024 ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့်ဖက်ဒရယ်စနစ် ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ် ကို အဓိက ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် […]
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈−၃−၂၀၂၁) Main Admin March 28, 2021 ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင်တိုးတက်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် […]