မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် (၁-၂- ၂၀၂၂)

ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင် နေချိန် ဖြစ်သလို နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းသည့်နိုင်ငံ၊ သာယာဝ ပြောသည့်နိုင်ငံ၊ နိုင်ငံတော်ကြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍအားလုံးကို ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။