ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉-၆-၂၀၂၂)

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့် ငြိမ်းချမ်းရေး

၁။     နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုဖြစ်ပေါ် ခဲ့ကြောင်း၊ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရရှိချိန်မှစ၍ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါ ပြည်သူများလိုလားသည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖော်ဆောင် ရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်ကို လျှောက်လှမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့် တိုင်းနှင့် ပြည်နယ်များ၊ လူမျိုးများစုစည်းလုပ်ကိုင်ခွင့်များကို ပေါင်းစည်းနေထိုင်သည့် အယူအဆ၊ မျှဝေခံစားသည့် အယူအဆဟု မှတ်သားဖူးကြောင်း၊ ဖက်ဒရယ် စနစ်ကိုကျင့်သုံးနေသည့်နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံအုပ်ချုပ်မှုပုံစံများ မတူညီကြဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကိုသာ ကျင့်သုံးနေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သဘောထားကွဲပြားမှုကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။

၂။    ဒီမိုကရေစီတွင်တူညီသည့် အခွင့်အရေးများပေးရမည်ဖြစ်သကဲ့သို့ ဖက်ဒရယ်စနစ်တွင် လည်း တူညီသည့် အခွင့်အရေးများ ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု များကိုပြုလုပ်၍ နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

၃။     နိုင်ငံရေးအရသဘောထားကွဲလွဲမှုကို အကြောင်းပြ၍ အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်နေ သူများကို ဥပဒေနှင့်အညီ တရားဥပဒေစိုးမိုးရေး၌ ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်သတ်ဖြတ်မှုများကို နိုင်ငံတကာတွင်လည်း လက်မခံကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းများအရ ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အချို့ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အကြောင်း အမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုနိုင် ကြကြောင်း၊ မိမိတို့သည် နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်အတိုင်း ခိုင်မြဲစွာဆောင်ရွက်သွား မည်ဖြစ် သဖြင့် ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအနေဖြင့် မိမိကမ်းလှမ်းထားသည့်အတိုင်း ထပ်မံဖိတ်ခေါ် ကြောင်း။