ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁-၇-၂၀၂၂)

ယနေ့မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေး လုပ်ငန်းစဉ်(၂)ခု၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုတို့နှင့်အညီဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့အပြင်မြန်မာပြည်သူ လူထု၏ ပြင်းပြသည့် ဆန္ဒဖြစ်သော “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ကို မယိမ်းယိုင်အောင် ကာကွယ်ပေးနေသည်ကိုလည်းတွေ့ရကြောင်း၊ “ပြည်သူ့ဒီမိုကရေစီစနစ်”နှင့် “အမျိုး သားဒီမိုကရေစီစနစ်”ကို ဘက်ညီမျှတအောင် ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ အနာဂတ် ပြည်ထောင်စုနိုင်ငံတော်ကြီး ခိုင်မာစေရေး“ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု”  အုတ်မြစ်ကို တည်ဆောက် နေသည်ကိုလည်း တွေ့ရကြောင်း။