တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၁-၁၂-၂၀၂၁)

       နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့ လိုအပ်ပါတယ်။ ဒါမှသာမတူကွဲပြားမှုတွေကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့် အချက်က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန် အရေး(၃)ပါးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ကျစ်လျစ်ခိုင်မာတဲ့ ညီညွတ်တဲ့စုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။