နိုင်ငံတော်အနေဖြင့် စစ်မှန်သည့်ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်ပြီး ပြည်သူများရွေးချယ်ထားသည့် လမ်းကြောင်းဖြစ်သဖြင့် လုံးဝသွေဖယ် သွားမည်မဟုတ်ကြောင်း၊ နိုင်ငံရေးတာဝန်အား ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့က ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း လွတ်လပ်၍မျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ နိုင်ငံရေးတွင် ရိုးသားမှုရှိစေရေးနှင့် နိုင်ငံရေးအရလက်စားချေခြင်းများ မပြုလုပ်စေရေးအတွက် မိမိအနေဖြင့် အမြဲမပြတ်တိုက်တွန်း ပြောကြားဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များက သမ္မတရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သမ္မတမှတစ်ဆင့် တရားသူကြီးများခန့်အပ်ခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် အထွေထွေရွေးကောက်ပွဲတွင် မျှတမှုရှိစေရေးသည် နိုင်ငံအတွက် လွန်စွာအရေးကြီးခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်း သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း အများစု၏ ဆန္ဒသဘောထားကို လက်ခံဆောင်ရွက်ရန်လိုသကဲ့သို့ အနည်းစု၏ ဆန္ဒသဘောထားကိုလည်း ထည့်သွင်းစဉ်းစား၍ ဆင်ခြင်ဆောင်ရွက်ကြရန်လိုကြောင်း။
Related Posts
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၉-၁၁-၂၀၂၃)
- Editor Sector Two
- November 30, 2023
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ ၁။ “ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီက ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင် […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉-၆-၂၀၂၂)
- Editor Sector Two
- June 9, 2022
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့် ငြိမ်းချမ်းရေး ၁။ နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာမှုဖြစ်ပေါ် ခဲ့ကြောင်း၊ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် […]
မြိတ်၊ ကျွန်းစုနှင့် ကိုကိုးကျွန်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၀-၃-၂၀၂၁)
- Main Admin
- March 20, 2021
စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လို ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အများ၏ဆန္ဒနှင့် ဆောင်ရွက် သည်ဆိုသော်လည်း အများ၏ဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့် […]