၁။ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အခြေခံဟာ “လွတ်လပ်ပြီး တရား မျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ”ပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲကမှ တစ်ဆင့် ရရှိလာတဲ့ ရလဒ်တွေအရ လွတ်တော်အသီးသီးနဲ့အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး နိုင်ငံတော်ယန္တရားကို လည်ပတ်ကြရပါတယ်။ဒါ့ကြောင့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ၊ ဒေသ တွေနဲ့ နိုင်ငံအနှံ့လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ သူတွေဝင်ရောက် အရွေးချယ်ခံ နိုင်ဖို့နဲ့ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင် ဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ခံရပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရတွေ လက်ထက်မှာ မှ ရွေးကောက်ပွဲမကျင်းပဖြစ်လို့ ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးရတဲ့တိုင်းရင်းသားဒေသတွေများပြား လာတာကို သတိပြုဖွယ်တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင် ရေး ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိနေသေးကြောင်း တင်ပြလိုပါတယ်။
၂။ ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြောကြားရာတွင်“ယနေ့တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်နေရခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေ ခြင်းပဲဖြစ်ပါတယ်။ယခင်အစိုးရ တာဝန်ရှိသူတွေ၊ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေနဲ့ ရွေးကောက် ပွဲမှာ တာဝန်ရှိသူအသီးသီးတို့က အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဒီလိုဖြစ်ခဲ့ရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ တည်ထောင်စဒီမိုကရေစီစနစ် ညှိုးနွမ်းခဲ့ရပါတယ်။ ဒီလိုကိစ္စတွေထပ်မဖြစ်ဖို့ လိုပါတယ်။ ဒီမိုကရေစီအနိုင်ကျင့်မှု၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ် ထူထောင်မှု၊ အဖွဲ့အစည်း (Institution) ထက် ပုဂ္ဂိုလ်ရေးဩဇာထူထောင်မှုတွေ ထပ်မံမပေါ်ပေါက် အောင်ဆောင်ရွက်ရပါမယ်။ရွေးကောက်ပွဲတွေမှာ ကြီးမာတဲ့မဲမသမာမှုတွေ မဖြစ်အောင် ဆောင်ရွက် ရပါမယ်။ ဒီအတွက် အခုအချိန်မှာ အခြေခံအုတ်မြစ်တွေ တည်ဆောက်ဖို့လိုပါမယ်။ အခြေခံရမယ့် အချက်တွေ ခိုင်မာဖို့လိုပါမယ်။ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုနဲ့ ပြည်ထောင်စု နိုင်ငံရဲ့ အနာဂတ်ကောင်းကျိုးကို ရည်မှန်းပြီးကျွန်တော်တို့အစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်”ကို ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ ပါတီစုံဒီမိုကရေစီ စနစ်နဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံပြီး ဖြစ်ပါ တယ်။” ဟု ပြောကြားသည်။