ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ် ဟူသည့်စကားရပ်ကို သိရှိရန်လိုပြီး ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်း ဖြစ်ပြီး ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြု ထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိကြောင်း၊ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ ရကြောင်း၊ ထိုကဲ့သို့တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်တွင် လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များကို လုပ်နိုင် ခဲ့ခြင်းမရှိသည့်အတွက် ဖက်ဒရယ်အပေါ်တွင် ယုံကြည်မှုများ လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့်၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုပြီး တိုင်းပြည်အကျိုးကို ဖော်ဆောင်ပေးနိုင်ရေး စဉ်းစားဆွေးနွေးဆောင်ရွက်ကြရန်လိုကြောင်း။