၂၀၂၂ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် အဖွင့်မိန့်ခွန်းမှ ကောက်နုတ်ချက် (၈-၃-၂၀၂၂)

မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ဒီလိုအဖိုးတန်တဲ့ လူသား အရင်းအမြစ်တွေကို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေးနဲ့ လျော့ပါးသက်သာစေရေး လုပ်ငန်းအပါအဝင်ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့စွမ်းရည်ကို ထိထိရောက်ရောက် အသုံးချပေးဖို့နဲ့ ထိုသို့ အသုံးချနိုင်ဖို့အတွက်လည်း အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးပါလို့ တိုက်တွန်းပြော ကြားပါသည်။