နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် (၉-၃-၂၀၂၂)

အမှာစကားမှ ကောက်နုတ်ချက်

၁။       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခု အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများနှင့် ပေါင်းစည်းနေထိုင်သည့် ပြည်ထောင်စုဖြစ်သည့်အတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကိုမျှဝေခံစားသည့် ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံကိုသွားရမည် ဖြစ်ကြောင်း၊ တူညီသည့်အခွင့်အရေး များရရှိကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒီမိုကရေစီအုပ်ချုပ်ရေးဖြင့် ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ကာကွယ်ရေး၌လည်း နိုင်ငံသားအားလုံးပါဝင်သည့် အမျိုးသား ကာကွယ်ရေး စနစ်ကိုပုံဖော် ရမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ဆောင်ရွက် ပေးရမည်ဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ကျေးလက်ကို အခြေခံသည့် နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်း မည်ဖြစ်ကြောင်း။

၂။       ၂၀၁၀ ပြည့်နှစ်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေးကို ကမကထပြု ဆောင်ရွက်ပေးခဲ့ပြီး ဒီမိုကရေစီစနစ်ကို ညင်သာ ငြိမ်းချမ်းစွာကူးပြောင်းနိုင်ရေးဦးစီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ဒါတွေဟာ ဒို့တပ်မတော်ရဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ်ထားရှိတဲ့ စစ်မှန်ကောင်းမွန်တဲ့ စေတနာ ပြယုဂ်တွေဖြစ်တယ်ဆိုတာ အသိပေး လိုတယ်။

၂။       ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ရည်မှန်းချက် ထားကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့လိုကြောင်း ပြောကြားလိုတယ်။ အမျိုးသား ရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေ ရိက္ခာဖူလုံရေး၊ နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ခြင်းအပါအဝင် ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ငန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒို့တပ်မတော်သားတွေကလည်း ကျရာနေရာမှာပေးအပ်တဲ့ တာဝန် တွေကို ကျေပွန်အောင်ထမ်းဆောင်ရင်း အထက်ပါ အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်၊ နိုင်ငံရေး လုပ် ငန်းစဉ်နှစ်ရပ် အောင်မြင်စေရေးပူးပေါင်း ပါဝင်ဆောင်ရွက်သွားရမှာဖြစ်တယ်ဆိုတာ ရဲဘော်တို့ကို အသိပေးပြောကြားလိုတယ်။

၃။       လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက်မှာလည်း အစိုးရအဆက်ဆက်က ပါလီမန် ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်အပါအဝင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့ကြတာ ကိုတွေ့ရမှာဖြစ်တယ်။ ဒို့နိုင်ငံဟာ နေရာဒေသအလိုက် ပထဝီအနေအထား၊ တိုင်းရင်းသားလူမျိုးစု များ၊ ဘာသာစကား၊ကိုးကွယ် ယုံကြည်မှုစတဲ့ မတူကွဲပြားမှုများစွာနဲ့ သမိုင်းအစဉ်အဆက်မှာ အတူတကွ ပေါင်းစည်း နေထိုင်ခဲ့ကြတာဖြစ်ပြီး ရေမြေပိုင်နက်နယ် နိမိတ်နဲ့ အချုပ်အခြာ အာဏာပိုင်တည်တံ့ ခိုင်မြဲပြီး ခိုင်မာတဲ့သမိုင်းကြောင်းရှိတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်တယ်။

၄။       ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာတည်ဆောက်သွားဖို့လိုတယ်။ဒီမိုကရေစီဆိုတာဟာ ပြည်သူက ရွေးချယ်တဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုတာ လုပ်ပိုင်ခွင့်အာဏာနဲ့ ရပိုင်ခွင့် တွေကိုမျှဝေ ခွဲဝေခံစားစေတာ ဖြစ်တယ်။ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဘယ်လိုပဲအယူအဆအမျိုးမျိုးကွဲပြားနေပါစေ ဒို့နိုင်ငံနဲ့ သဟဇာတ ဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ပြီး တည်ဆောက်သွားကြရမယ်။

၅။      ဒါ့ကြောင့်လည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာ စေရေးအတွက် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ အခြေခံကောင်းများ ရရှိအောင် ဆောင်ရွက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တိုင်းရင်းသားအားလုံး အချိုးကျကိုယ်စားပြု ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ စနစ်ဖြစ် ပေါ်လာစေရေးအတွက်ဦး တည်ကြိုးပမ်းဆောင်ရွက် နေတယ်။