မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ရပ်တည်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုများကြောင့် Free and Fair မဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏အသက်မှာ ရွေးကောက်ပွဲ Free and Fair ဖြစ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါခဲ့သည့် အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်သော်လည်း ပါတီထောက်ခံသူများအနေဖြင့် အကြမ်းဖက်မှုလမ်း ကြောင်းကို ရွေးချယ်ခဲ့မှုကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေနှင့် အညီဆောင်ရွက်ကြရကြောင်း၊ အချို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲမသမာမှုနှင့် ရွေးကောက်ပွဲပြီး ရလဒ်နှင့် ဆက်နွှယ်ဖြစ်ပေါ်လာသော လုပ်ရပ်များတွင် ပါဝင်ပတ်သက်ဆောင်ရွက် နေသည်ကို တွေ့ရပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်းဖက်မှုများမှာ မဖြစ်သင့်ကြောင်း။
Related Posts
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၄) ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၉-၁၁-၂၀၂၁)
- Main Admin
- November 19, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ရယူခဲ့သည့် အချိန်ကစပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်အတွက် […]
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက် (၄-၁-၂၀၂၂)
- Main Admin
- January 4, 2022
စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား အပြန်အလှန်လေးစားမှု ၊ နားလည်မှု ၊ […]
နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၆-၁ -၂၀၂၃)
- Editor Sector Two
- January 6, 2023
ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ ဆန္ဒအတိုင်းဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ဆန္ဒကို လည်းအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ ဆန္ဒကိုပစ်ပယ်၍ ပြုမှု လုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် […]