ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ငုရွှေဝါခန်းမ၌ တွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၂၄-၄-၂၀၂၃)

ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများကိုယ်တိုင်ကရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ် များက ပြည်သူများကိုယ်စား တာဝန်ယူ၊ တာဝန်ခံပြီး အုပ်ချုပ်သည့်စနစ်ပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် ဆိုသည်မှာ ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးများ၊ပြည်နယ်များတွင် အတူယှဉ်တွဲနေ ထိုင်ကြ သည့် တိုင်းရင်းသားလူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေ ကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုကြရာ တွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွဲဝေ ကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း။