နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၁-၂-၂၀၂၄)

နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၁၇ /၂၀၂၄) ထုတ်ပြန်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို ပိုမိုမြန်ဆန် ထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရန်အလို့ငှာ အမိန့်အမှတ် (၁၇ /၂၀၂၄) အား ဖေဖော်ဝါရီ (၁)ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်၍ (ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲစည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ

ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့်ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်းခြင်း (၃၀-၁-၂၀၂၄)

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပ‌ဒေကို ပြဋ္ဌာန်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၂၉-၁-၂၀၂၄)

မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများဖြစ်ကြောင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၂၆-၁-၂၀၂၄)

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ တာဝန်ရှိသူများအားလုံးအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားခဲ့