တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့ ငယ်စဉ်က အတန်းပညာ သင်ကြားစဉ်ကပင် အတန်းခေါင်းဆောင် ရွေးချယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးချယ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင် ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ခြင်း ဖြစ်သဖြင့် ပိုမို အရေးကြီးပါကြောင်း၊ယခင်တပ်မတော်အစိုးရလက်ထက် တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့ လိုလားတောင့်တသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲအနိုင်ရရန် လုပ်ဆောင်ခြင်းသည် မည်သည့်နိုင်ငံကမျှ လက်ခံ၍ ရနိုင်မည်မဟုတ်သည့် လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ပြက်ရယ်ပြုစော်ကားခြင်ပင်ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။
Related Posts
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၀- ၉-၂၀၂၃)
- Editor Sector Two
- September 30, 2023
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သော […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၂-၅-၂၀၂၂)
- Editor Sector Two
- May 12, 2022
၁။ မိမိတို့နိုင်ငံတင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်စသည့် ဖွဲ့စည်းအုပ်ချုပ်မှု ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးအုပ်ချုပ်ခဲ့မှုများရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြန်လည်ကြည့်မည်ဆိုပါက လုပ်ပိုင်ခွင့်အာဏာများကို […]
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် (၉-၃-၂၀၂၂)
- Editor Sector Two
- March 9, 2022
အမှာစကားမှ ကောက်နုတ်ချက် ၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ခုအဖြစ် တိုင်းပြည် သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခု အဖြစ် […]