ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ ဒီမိုကရေစီဆိုသည်မှာ အများ၏ ဆန္ဒအတိုင်းဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အနည်းစု၏ဆန္ဒကို လည်းအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အများ၏ဆန္ဒဆိုတိုင်း လူနည်းစု၏ ဆန္ဒကိုပစ်ပယ်၍ ပြုမှု လုပ်ဆောင်ခဲ့မှုများကြောင့် မိမိတို့နိုင်ငံတွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး စည်းလုံး ညီညွတ်မှုများပျက်ပြားခဲ့သည်ကို သမိုင်းဖြစ်ရပ်များက ဖော်ပြနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို မှန်ကန်စွာ သိရှိနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း။ အလားတူဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက် ၍လည်း သက်ဆိုင်ရာအဆင့်အလိုက်၊ ဒေသအလိုက်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အပါအဝင် စီမံခန့်ခွဲမှုများ အားလုံးကိုမျှတစွာဖြင့် အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအားလုံး တစ်ပြေးညီ ခံစားခွင့် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ဥပဒေများရေးဆွဲပြီး ဆောင်ရွက်နိုင်ရန် မူအားဖြင့်သဘောတူပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိက ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေတည်၍ ဆောင်ရွက်သွားကြရ မည်ဖြစ် ကြောင်း။
Related Posts
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ကောက်နုတ်ချက် (၇-၁၂-၂၀၂၃)
- Main Admin
- December 8, 2023
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုသည်မှာ အများစုက ရွေးချယ်ခြင်း၊ အများစု၏ ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန်ခွဲဝေလုပ်ဆောင်ခြင်းဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို […]
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၅-၁၀-၂၀၂၃)
- Editor Sector Two
- October 15, 2023
၁။ လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးခါစ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်နေတာကိုလည်း တွေ့ရရှိပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မမဲသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်း […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးတွင် ပြောကြားသည့် တင်ပြချက်မှ ကောက်နုတ်ချက် (၁-၂-၂၀၂၁)
- Main Admin
- February 1, 2021
“ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ဖြစ်မှသာလျှင် ပြည်သူ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်ပါကြောင်း”