ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ၇-၇-၂၀၂၄ ရက်တွင် Qingdao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့(Ms.Shen Yueyue) နှင့်အတူ ရှန်တုန်း ပြည်နယ်ကော်မတီ အတွင်းရေးမှူး မစ္စတာ လင်းဝူ(Mr.Lin Wu)၊ ရှန်တုန်း ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး မစ္စတာ ကျိုးနိုင်ရှောင် (Mr.Zhou Naixiang)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့၏ အိမ်နီးချင်းကောင်း၊ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စဆွေလီ (Cui Li)နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူ ဟာမြောက်ပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များ၊တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လို်ငးလောင်းကစားများ ပပျောက် ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သတင်းအချက်အလက် ဖလှယ်ရယူရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖော်ဆောင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ် ငန်းစဉ်(၅)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌ တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသည့် ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန် ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌက Qingdao International Conference Center ရှိ Yellow River ခန်းမ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။
မှီငြမ်း။ ပြန်ကြားရေးဝန်ကြီးဌာန