အာဆီယံ တူညီဆန္ဒ ၅ချက်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားချက်

“မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အား အကောင်အထည်ဖော်နိုင်ရေးကို အပြည့်အဝပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အပြန်အလှန် အထောက်အကူ ပြုသင့်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အလေးအနက်ထား ပြောကြားထားပါသည်။

(၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ခရီးစဉ် ပူးတွဲသတင်းထုတ်ပြန်ချက်မှ ကောက်နုတ်ချက်)