နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ-၃၀ ရက်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူ များ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်တပ်မတော်သားများအား AAအကြမ်းဖက် သောင်းကျန်းသူများက ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ ထည့်၍ လည်လှီးကာ သတ်ဖြတ်ခြင်း၊ အဆိုပါ လည်လှီးသတ်ဖြတ်နေသည့် Video File များကို ရိုက်ကူး၍ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ကျောက်တော်နယ်မြေ ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ လိုက်ပါလာသော သင်္ဘောကိုလည်း ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ် များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။
ယခုကဲ့သို့ AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime) မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များ အပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိသည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာ နိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာ နိုင်ငံမက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်း တော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင် များအစည်းအရုံး၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ပိန္နဲကုန်း ရခိုင်ဂျာမေဗလီနှင့် တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားများ အသီးသီး ထုတ်ပြန်ခဲ့ ကြကြောင်း သတင်းရရှိသည်။