အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။ အစည်း အဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး(၁/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား (၃−၃−၂၀၂၁) စောဒန်နီယယ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်ပြီး ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင် သမျှ အလေးထားဆောင်ရွက်သွားမည်”ဟူသည့် လုပ်ငန်းစဉ် ချမှတ်ထားသကဲ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား ဆောင်ရွက်သွားရေး” ဟူသည့် ဦးတည်ချက်ချမှတ်ပြီး NCA ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဦးတည်ရည်မှန်းထားခြင်းကို တွေ့ရမည်ဖြစ်ကြောင်း။ အမှန်တကယ်တွင် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှတစ်ဆင့် တိုင်းရင်းသားပြည်သူအားလုံး အလိုရှိနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ် သော အခင်းအကျင်းများကို အုတ်မြစ်ချထားခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် တည် ဆောက်သွားနိုင်မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စုပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို လိုက်နာရန် အလွန်အရေးကြီးကြောင်း၊ မည်သို့ပင် ကြီးမားသည့် ပြဿနာများဖြစ်ပါစေ နှစ်ဖက်တွေ့ဆုံညှိနှိုင်း မည်ဆိုပါက အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလျဉ်းသင့်၍ ယခင်အစိုးရ လက်ထက်က အခြေအနေတစ်ခုကိုပြောရပါက မိမိတို့တပ်မတော်အနေဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူရန် မိမိကိုယ်တိုင် အကြိမ်ကြိမ် တိုက်တွန်း ခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရကြောင်း၊ ထို့ပြင် မဲမသမာမှုများနှင့်ပတ်သက်ပြီး ယခင် UEC နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်း အဝေး ခေါ်ယူဖြေရှင်းပေးရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းကို ငြင်းပယ်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားချက်အရ တပ်မတော်က မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့တိုင်းရင်းသားများကြား တွင် မကျေလည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှုများသည် တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်းဖြစ်ကြောင်း။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်လည်း NCA ပါ သဘောတူချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်၍ ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ မရှိသည့်အတွက် ဆောင်ရွက်၍မရဟု ထင်မြင် ယူဆနိုင်သော်လည်း ရွေးကောက်ပွဲထပ်မံကျင်းပပြီးပါက လက်ရှိ ရှိနေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံကိုယ်စားလှယ်များ ဖြစ်လာမည့်အပြင် အများစု အနိုင်ရ သည့်ပါတီကလည်း အစိုးရဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်မည်ဖြစ်သည့်အတွက် လက်ရှိရှိနေ သည့် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် အစိုးရအစုအဖွဲ့တို့ဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားခြင်းအားဖြင့် မိမိတို့ ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဒီမိုကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍ လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုး ကွဲပြားနေပါစေ မိမိတို့ နိုင်ငံနှင့်သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့် ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ မိမိဆန္ဒနှင့်မကိုက်ညီပါက ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှု ဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင် ကျွန်ပိုင်ခေတ်က လူတန်းစားခွဲခြားသည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနှင့် လုံးဝကိုက်ညီမှု မရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည်လည်း လူ့အဖွဲ့အစည်း အတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး အမျိူးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှု များကို မိမိတို့လူ့အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင်အောင် စဉ်းစားဆောင်ရွက်ရန် လိုအပ် ကြောင်း။ ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင်ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာနေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများ တွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ် လူဦးရေ စာရင်းအရ ရှမ်းပြည်နယ်တွင် လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့နေထိုင် လျက်ရှိပြီး လူဦးရေအချိုးတွင် ရှမ်း ၃၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပအိုဝ်း ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ ‘ဝ’ ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဓနု ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ လားဟူ ၄ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၂ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင်နှုန်း ရောနှောနေထိုင် နေခြင်းကို တွေ့ရကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင်ဆိုပါက လူဦးရေ ၁၆ သိန်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးတွင် ဗမာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လောဝေါ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇကို ၁ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသားများအနေဖြင့် ၈ ရာခိုင်နှုန်း ရောနှောနေထိုင်နေသည်ကို တွေ့ရ ကြောင်း၊ ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်၊ ကချင်ပြည်နယ်ဟု ဆိုသော်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူမျိုးအလိုက် ပြည်နယ်သတ်မှတ် လိုက်ခြင်းသည် အခြားလူမျိုးများကိုလည်း မိမိတို့လူမျိုး နာမည် နှင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်နယ်အတွင်းတွင်နေထိုင်သည့် လူမျိုးအားလုံးက ပိုင်ဆိုင်ခြင်းဆိုသည့် လက္ခဏာဆောင်သည့် ဒေသအမည်ကိုအစွဲပြုသည့် ပြည်နယ်အမည်ဖြစ်ပေါ်လာနိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ကြီးမားသော အထောက်အပံ့ဖြစ်မည်ဟု မိမိယူဆကြောင်း၊ ယင်းနှင့်ပတ်သက်၍လည်း အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရန် တိုက်တွန်းလိုကြောင်း။ မိမိတို့ ယနေ့ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ်မြေးဆက် လူငယ်များအတွက် တည်ငြိမ်သည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လကဆ် င့်ကမ်းအမွေပေး နိုင်ရန် အမျိုးသားရေး တာဝန်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်း ရရန်အတွက် ဖော်ဆောင်နေခြင်းမဟုတ်သည်ကို ပြောကြားလိုကြောင်း။ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်တာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက်တွင် လိုအပ်သော တည်ငြိမ်အေးချမ်းမှု များကို ဆောင်ရွက်ပြီး ရွေးကောက်ပွဲအနိုင်ရရှိသည့်ပါတီကို အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ယူစဉ်ကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွဲချော်နေသည့်လုပ်ငန်း စနစ်များ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် လုပ်ငန်းစဉ် များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်တည့်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် တပ်မတော်အနေဖြင့် အမျိုးသားအကျိုး စီးပွားကို ကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများ ကျင်းပနိုင်ခဲ့မှုနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့မှု၊ ငြိမ်းချမ်းရေး ဆိုင်ရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု၊ အစိုးရ၊ NCAS-EAO ခေါင်းဆောင်များ သီးသန့် ဆွေးနွေးနိုင်ခဲ့မှုများနှင့် သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးများ ကျင်းပနိုင်ခဲ့မှု၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင် ခဲ့မှု၊ ၂၀၂၀ အလွန် အဆင့်အလိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက်အကောင်အထည်ဖော်မှု အခြေအနေ၊ လမ်းညွှန်အခြေခံမူသဘောတူညီချက်များ၊ ဆက်လက်ဆွေးနွေးရန်အချက်များ ကျန်ရှိမှုအခြေအနေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးခဲ့မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်နှင့် ဦးစိုင်းလုံးဆိုင်တို့က ကချင်ပြည်နယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စေရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးနှင့် မကြာခဏတွေ့ဆုံ ဆွေးနွေး နိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများ အမိုးအကာအောက် ပြန်လည်ရောက်ရှိရေး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့်ကာလတွင် တိုင်းရင်းသားအားလုံး NCA တွင် ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်း ရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ကောလာဟလသတင်းများနှင့်ပတ်သက်၍ သတင်းအမှန်အား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ယုံကြည်မှုတည်ဆောက်ရန်၊ ပြည်နယ် အဆင့်ကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသား အားလုံး ပါဝင်နိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးကြသည်။ ပြန်လည်ဖွဲ့စည်းသွားမည် ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့် ကော်မတီများကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် နေထိုင်မှုအဆင်ပြေစေရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တပ်မတော်အပေါ် သဘောထား အမြင်ကွဲလွဲနေမှုအပေါ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး အတွက် ပုံမှန်လုပ်ငန်းများသာ ဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေ ဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် လျှောက်လှမ်းရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေး ကို တိုင်းရင်းသားအားလုံး ခံစားစေလိုကြောင်း။ ညှိနှိုင်းဆောင်ရွက်သွားရန်လို လက်ရှိရောက် ရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း(၄)ပိုင်းခွဲပြီး စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင် ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးခိုင်မာစေရေးအတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NCA အရ တရားဝင် အစည်းအဝေးများနှင့် ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင်ရွက်သွားရန် လိုကြောင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး – (က) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်၊ ( ခ ) တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊ ( ဂ ) အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် လိုအပ်သည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊ (ဃ) ငြိမ်းချမ်းရေး ဖော်ဆောင်မှု နှင့်အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စီမံချက်များ ချမှတ်ဆောင်ရွက် ရန်နှင့် ( င ) လူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားစေမည့် အခြေခံအကြောင်းအရာများကို သုတေသန ပြုဖော်ထုတ်ပြီး ကာကွယ်တားဆီးဆောင်ရွက်သွားရန် စသည့် လမ်းညွှန်ချက် (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ အခါအားလျော်စွာ ကျင်းပသွားမည် လုပ်ငန်းကော်မတီအနေဖြင့် လိုအပ်သည့် အချိန်ဇယားနှင့် မဟာဗျူဟာများကို ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗဟို ကော်မတီအစည်းအဝေးကို လိုအပ်ချက်အပေါ် မူတည်ပြီး အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းကော်မတီသည် ဖွံ့ဖြိုးရေးကိစ္စများ၊ IDP ကိစ္စများ၊ NCA အခန်း (၆) တွင် ပါဝင် သည့် ကြားကာလဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့်ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်း၊ အသေးစိတ်ဆောင်ရွက်မည့်ညှိနှိုင်းမှုများကို ညှိနှိုင်းရေးကော်မတီက ဆက်လက်ဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျနေသည့် အတွက် ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား
