လားဟူဒီမိုကရက်တစ်အစည်းအရုံး(Lahu Democratic Union-LDU)သည် ဒီမို ကရေစီစနစ်ကို အခြေခံသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးကို ဦးတည်သည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်မှန်းတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ဆောက်ပိုင် ခွင့်ကို ဦးတည် ဆောင်ရွက်သည်။
သမိုင်းကြောင်းအရအဖွဲ့အစည်းအမည်နှင့်ဦးဆောင်ပုဂ္ဂိုလ်များရွေးချယ်တင်မြှောက်ပုံ။
(က) ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် လားဟူအမျိုးသားညီညွတ်ရေးပါတီ (Lahu National Unity Party-LNUP) ကို ကျာအူဖုရား ဦးဆောင်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
(ခ) ၁၉၈၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လားဟူအမျိုးသားအဖွဲ့ချုပ်(Lahu National Organization-LNO) ကို ကျာအူဖုရား ဦးဆောင်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
(ဂ) ၁၉၉၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်တပ်ဦး (Lahu Democratic Front-LDF) ကို ကျာဗင်ဂျာမင် ဦးဆောင်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
(ဃ) ၂၀၀၁ ခုနှစ်မှ၂၀၀၆ ခုနှစ်ထိ လားဟူဒီမိုကရက်တစ်တပ်ဦး (Lahu Democratic Front-LDF) ကို ကျာအေးမောင် ဦးဆောင်ခဲ့သည်။
(င) ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ လားဟူဒီမိုကရက်တစ်တပ်ဦး(Lahu Democratic Front-LDF) ကို ကျာပါရှီး ဦးဆောင်ခဲ့သည်။
(စ) ၂၀၀၈ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU)ကို ကျာဘိုလုံ(ခ) ဖိုးသိန်းရှင် ဦးဆောင်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
(ဆ) ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) ကို ကျာခွန်ဆာ ဦးဆောင်ခဲ့ပါသည်။
(ဇ) ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၇-၂၈) ရက်နေ့ သတ္တမအကြိမ်ညီလာခံမှစ၍ ယခု အချိန်ထိ လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union- LDU) ကို ကျာဆော်လမွန်ဦးဆောင်နေလျက်ရှိပါသည်။
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)သည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထား သည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ သတ္တမအကြိမ် ပုံမှန်ညီလာခံကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၇-၂၈) ရက်တွင် ပြည်တွင်းပြည်ပကိုယ်စားလှယ်များတက်ရောက်၍ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အောက်ဖော်ပြပါပုဂ္ဂိုလ်များကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါသည်-
(က) ကျာဆော်လမွန် – ဥက္ကဋ္ဌ
( ခ ) ကျာဖူး – ဒုတိယဥက္ကဋ္ဌ
(ဂ ) ကျာယာကုတ် – အထွေထွေအတွင်းရေးမှူး
(ဃ) နာဘိုရှီး – တွဲဖက်အတွင်းရေးမှူး-၁
( င) နာဟဦး – တွဲဖက်အတွင်းရေးမှူး-၂
(စ ) ကျာဘို – ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်
(ဆ) ကျာဂျောဆန် – ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်
(ဇ ) ကျာမူးစော – ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်
(ဈ ) ကျာကျာအေး – ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်
ယခုလက်ရှိအချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ လုပ်ငန်း လမ်းညွှန်မှုများ၊ ကဏ္ဍအသီးသီးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နေပါသည်။ ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဂျပန်နိပွန်ဖောင်ဒေးရှင်းတို့မှ ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နေပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါတီစုံဒီကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲပြဋ္ဌာန်း တည်ဆောက်ရာတွင်လည်းကောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များ(NCA) စာချုပ်အချက်အလက်များအခြေခံ၍ အကောင်အထည်ဖော်ဆောင်ရာ တွင် လည်းကောင်း မည်သည့်အဖွဲ့အစည်းကိုမဆို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။
LDU အဖွဲ့၏ အဓိကအခြေပြုလှုပ်ရှားရာနယ်မြေများမှာ တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ တို့ဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်နှင့် ရှမ်းပြည်နယ် အတွင်းတွင် အဖွဲ့ဝင်များ လှုပ်ရှားနေပါသည်။ ၎င်းတို့အနေဖြင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် Bilateral လက်မှတ်ရေးထိုးမှု မရှိသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ LDU အဖွဲ့အနေဖြင့် အစိုးရနှင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေး မှုများကို ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။