ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)

တည်ထောင်ချိန်

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်း၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)အဖွဲ့ အား ၁၉၉၆ ခုနှစ်တွင် စဝ်ယွက်စစ်နှင့် စဝ်ခေးငင်းတို့ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါသည်။

ခေါင်းဆောင်များ

RCSS ၏ ယခုလက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဋ္ဌ အနေဖြင့် ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းရီ၊ ဒုတိယဥက္ကဋ္ဌ(၂) နှင့် စစ်ဦးစီးချုပ် စဝ်ခေးငင်း၊ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ အတွင်းရေးမှူး (၂) စဝ်ခမ်းစံတို့ ဖြစ်ကြသည်။

အဓိကလှုပ်ရှားနယ်မြေများ

RCSS ၏ အဓိက အခြေပြုလှုပ်ရှားရာ နယ်မြေများမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ တို့ဖြစ်ကြပြီး ဌာနချုပ်မှာ လွယ်တိုင်းလျဲန်းတွင် တည်ရှိပါသည်။

ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ

RCSS/SSAသည်

ပြည်နယ် အဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၂-၁၂-၂၀၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအဆင့်များအား ၁၆-၁-၂၀၁၂ ရက်နှင့် ၁၉-၅-၂၀၁၂ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ RCSS အနေဖြင့် ယခုအချိန်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS(SSA)အဖွဲ ဥက္ကဋ္ဌ စဝ်ယွက်ဆစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌တွေ့ဆုံဆွေးနွေးစဉ်