ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)အဖွဲ့အား ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် (DKBA – ဗုဒ္ဓဘာသာ)နှင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။
DKBA စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်များမှာ သာထူးကျော်၊ စောလားဘွယ်၊ စောမိုရှေးတို့ ဖြစ်ကြပြီး ယခုလက်ရှိ ခေါင်းဆောင်များမှာ စစ်ဦးစီးချုပ် စောစတီး၊ ဒုတိယ စစ်ဦးစီးချုပ် စောတာခူး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ကွပ်ကဲရေးမှူး စောဘငြိမ်းအောင်၊ ဗျူဟာမှူး စောဆန်းအောင် တို့ဖြစ်ကြပါသည်။
DKBA ၏အဓိက အခြေပြုလှုပ်ရှားရာနယ်မြေများမှာ
DKBA ၏ အဓိကအခြေပြုလှုပ်ရှားရာနယ်မြေများမှာ ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ
DKBA အနေဖြင့် ပြည်နယ်အဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၃-၁၁-၂၀၁၁ ရက်တွင်လည်းကောင်း၊ ပထမအကြိမ် ပြည်ထောင်စုအဆင့်အား ၁၁-၁၂-၂၀၁၁ ရက် တွင်လည်းကောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်အား ၂၆-၂-၂၀၁၂ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ပါသည်။
DKBA အဖွဲ့သည် လက်ရှိတွင်အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

