ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC) အဖွဲ့အား ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းအဖွဲ့အား စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်များမှာ စောဌေးမောင်(ခ)စောထိန်မောင်၊ စောရင်နု၊ စောထော့လေးတို့ဖြစ်ကြပြီး ယခုလက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဋ္ဌအနေဖြင့် စောထော့လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ အထွေထွေအတွင်းရေးမှူး စောကျော်ညွန့် တို့ဖြစ်ကြသည်။
KNU/KNLA-PC ၏ အဓိက အခြေပြုလှုပ်ရှားရာ နယ်မြေများမှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဖြစ်ပြီး ဌာနချုပ်မှာ ထို့ကော်ကိုး၊ ကော့ကရိတ်မြို့တွင် တည်ရှိပါသည်။ ၎င်းတို့ အနေဖြင့် ပြည်နယ်အဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၇-၂-၂၀၁၂ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ KNU/ KNLA-PC အနေဖြင့်လက်ရှိတွင်အစိုးရနှင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုဆောင်ရွက်လျက်ရှိပါသည်။
