မွန်ပြည်သစ်ပါတီ (NMSP)

မွန်ပြည်သစ်ပါတီ(NMSP) အဖွဲ့အား ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ၂၀ ရက်တွင် စတင်တည်ထောင်ခဲ့ပါသည်။ 

မွန်ပြည်သစ်ပါတီ(NMSP) အဖွဲ့အား စတင်ဖွဲ့စည်းစဉ်က ခေါင်းဆောင်များမှာ နိုင်ရွှေကျင်၊ နိုင်အောင်ထွန်း၊ နိုင်ဆိတ်နို့၊ နိုင်ရဿ၊ နိုင်ထောမွန် ဖြစ်ကြပြီး ယခုလက်ရှိ ခေါင်းဆောင်များမှာ ဥက္ကအနေဖြင့် နိုင်ဟံသာ၊ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်ဗညားမဲ့စန်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ တို့ဖြစ်ကြပါသည်။ 

NMSP ၏ အဓိကအခြေပြုလှုပ်ရှားရာနယ်မြေများမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေတို့ဖြစ်ပြီး ဌာနချုပ်မှာ မွန်ပြည်နယ်၊ ရေးချောင်းဖျားတွင် တည်ရှိပါသည်။ 

NMSP အနေဖြင့် ပြည်နယ်အဆင့် Bilateral လက်မှတ်ရေးထိုးမှုအား ၁-၂-၂၀၁၂ နှင့် ၂၅-၂-၂၀၁၂ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စုအဆင့်အား ၂၅-၂-၂၀၁၂ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပါသည်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အား ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။

NMSP အနေဖြင့် ပထမပိုင်းတွင် အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုဆောင်ရွက်လျက်ရှိသော်လည်းနောက်ပိုင်းတွင်ခေတ္တဆိုင်းငံ့ထားပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲခေါင်းဆောင် ပြည်ထောင်စုအစိုးရအဖွဲရုံးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲနှင့် တွေ့ဆုံဆွေးနွေးစဉ်