ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၆-၁-၂၀၂၄) Posted on January 27, 2024March 1, 2024 by Main Admin ဥပဒေပြင်ပမှ တောင်းဆိုလာ နိုင်ငံရေးအရ ကြည့်မည်ဆိုပါကလည်း မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ် ကျော်လွန်လာပြီဖြစ်သော်လည်း နိုင်ငံရေးခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ စနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေးမျှော်မှန်းချက် ၂ ရပ်ကို ချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည် ကောင်းအောင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါမျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက် များစွာရှိနေသေးကြောင်း။
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) တွင်ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂-၂-၂၀၂၄) Main Admin February 3, 2024 ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအား ထိရောက်စွာအသုံးချ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ဖက်ဒရယ် ဟူသည့်စကားရပ်ကို သိရှိရန်လိုပြီး ဖက်ဒရယ်ဟူသည်မှာ လုပ်ပိုင်ခွင့်များကို တာဝန်ခွဲဝေပေးခြင်း […]
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၀-၁၀-၂၀၂၁) Main Admin October 10, 2021 မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် […]
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးကိစ္စရပ်များ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၁-၆-၂၀၂၁) Main Admin June 1, 2021 တပ်မတော်သည် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် တတိယအကြိမ်နှစ်ပတ်လည်နေ့ အခမ်းအနား၌ […]