သီတင်းကျွတ်အခါသမယတွင် ပြည်သူလူထုသို့ ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၈-၁၀-၂၀၂၁)

        ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှုရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအရဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာမှုပေါ်မှာ သဘောထားကွဲလွဲပြီး ဒီအပေါ်မှာအခြေခံတဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာ ကျွန်တော်တို့တွေ့ရရှိပါတယ်၊ သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေအပြင် အကြမ်းဖက်လုပ်ရပ် သတ်ဖြတ်ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များ လည်းရှိခဲ့ပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရှေ့ လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက် ရှိပါတယ်၊ ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည်သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးတို့အတွက်ဖြစ်ပါတယ်၊ ဒါကြောင့်အေးအေးချမ်းချမ်းနဲ့ တိုင်းပြည် တစ်ခုပြောင်းလဲစေချင်တဲ့ဆန္ဒရှိပါတယ်၊ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စစ်မှန်တဲ့ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုများဖြစ်တဲ့ CRPH၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူများကို လာမယ့်သီတင်းကျွတ်အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးမည်ဖြစ်ကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။