နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက် အကျည်းတန်သည့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကို သင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်း မှန်ကန်မှုရှိစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကို အခြေခံ သည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိသည့် နိုင်ငံများရှိ သော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုချင်းတူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏ အခြေအနေနှင့် လိုက်လျော ညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း။
Related Posts
တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈−၃−၂၀၂၁)
- Main Admin
- March 28, 2021
ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင်တိုးတက်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် […]
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၀- ၉-၂၀၂၃)
- Editor Sector Two
- September 30, 2023
စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သော […]
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက် (၂-၁၂-၂၀၂၂)
- Editor Sector Two
- December 2, 2022
၁။ (၇၅)နှစ်တာကာလအတွင်းတွင်လည်း နိုင်ငံရေးစနစ်အမျိုးမျိုးကျင့်သုံးခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံ ဒီမိုကရေစီစနစ်တစ်ခုတည်းနှင့် မပြည့်စုံဘဲ တိုင်းရင်းသားအားလုံးပေါင်းစည်းနေထိုင်ပြီး အခွင့်အရေး မျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ် […]