မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပါတီများ အနေဖြင့်အယူအဆများနှင့် သဘောတရားများ တူညီမှုမရှိနိုင်ဘဲ သဘောထားကွဲလွဲမှုများလည်း ရှိနိုင်ကြောင်း၊တိုင်းရင်းသားလူမျိုးစအလိုက်လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့် လူပုဂ္ဂိုလ်နှင့် လူမျိုးကိုအခြေခံဆောင်ရွက်၍ရမည် မဟုတ်ဘဲ ဒေသနှင့်အများ၏ သဘောဆန္ဒ အတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူအနည်း စု၏သဘောထားကိုလည်း အလေးထားရန်လို ကြောင်း၊ သို့မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု၊ စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
Related Posts
(၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက် (၁၀-၁-၂၀၂၂)
- Main Admin
- January 10, 2022
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်း လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့ပင်ဖြစ်သည်။ထို့ကြောင့် […]
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၀-၁၀-၂၀၂၁)
- Main Admin
- October 10, 2021
မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် […]
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၈-၉-၂၀၂၁)
- Main Admin
- September 18, 2021
မိမိတို့အနေဖြင့် နိုင်ငံတော်တည်ဆောက်ရာတွင် အချက် ၂ ချက်ကို အဓိကထား၍ အလေးထား ဆောင်ရွက်လျက်ရှိပြီး ပထမအနေဖြင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ တည်ဆောက်ရေးကို […]