ပဋိပက္ခဒဏ်ခံရသည့် နေရာဒေသများရှိ အကူအညီလိုအပ်နေသည့် တိုက်ပွဲရှောင်နှင့်ဒေသခံပြည်သူလူထုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုနှင့်ယာဒို ဒေသရှိ ကျေးရွာများမှ လူဦးရေ ၉,၅၃၄ ဦး အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေး လိုအပ်သည့် ချိတ်ဆက်ဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသရှိ လူဦးရေ ၁၈,၆၀၀ ဦး အတွက်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရေး လိုအပ်သည့်ချိတ်ဆက်ဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် နှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာများမှ လူဦးရေ ၁၄,၈၇၂ ဦးအတွက်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီး မြို့နယ်နှင့် ဟိုပုံးမြို့နယ်များရှိ ကျေးရွာများမှ လူဦးရေ ၄၅,၄၅၇ ဦးအတွက် လူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးအပ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊တိုင်းစစ်ဌာနချုပ်များဖြင့် လိုအပ်သည့် ချိတ်ဆက်ဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ NSPNC သည် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်များရှိ ကျေးရွာနှင့် ယာယီစခန်း စုစုပေါင်း ၁၂၇ ခုမှ လူဦးရေ စုစုပေါင်း ၃၈,၃၆၉ ဦးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်ဆောင်ရွက် ပေးလျက်ရှိပါသည်။