Year: 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား (၁-၂-၂၀၂၄)
နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် (၁၇ /၂၀၂၄) ထုတ်ပြန်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို ပိုမိုမြန်ဆန် ထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရန်အလို့ငှာ အမိန့်အမှတ် (၁၇ /၂၀၂၄) အား ဖေဖော်ဝါရီ (၁)ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်၍ (ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲစည်း
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) ကျင်းပ
ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့်ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁-၁-၂၀၂၄)
တည်ဆဲဥပဒေများကို လေးစားလိုက်နာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းနိုင်ငံရေးရည်မှန်းချက် […]
