ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၀-၈-၂၀၂၁)

       ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီအသွင်ကူးပြောင်းကာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ပြီး သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ဆောင်ရွက်၍ရသည်များကို ဆောင်ရွက်ပေးခဲ့သကဲ့သို့ ၂၀၁၆ ခုနှစ်တွင် တက်လာသည့် အစိုးရအနေဖြင့်လည်း နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရာတွင် ပြည့်စုံမှုမရှိသေးဘဲ ဆောင်ရွက်ရန်ရှိသည်များ များစွာရှိနေသေးကြောင်း ပြောကြားခဲ့ပါသည်။