တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက် (၁၃-၂-၂၀၂၂)

၁။       ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ စစ်မှန်သောမျိုးချစ် စိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန် ကျရောက်နေပြီ ဖြစ်ပါကြောင်း တိုက်တွန်းအသိပေးအပ်ပါသည်။

၂။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံးတန်းတူရည်တူ ပါဝင်ဖော်ဆောင်နိုင်မှုသည် လွန်စွာအရေးပါလှပါသည်။