နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃)တွင် ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၂၉-၁၁-၂၀၂၃)

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ

၁။       “ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီက ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင် ပေးခြင်းဖြစ် ပါတယ်။ တပ်မတော်ကဦးဆောင်ပြီးတော့မှ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင် ပေးတာပါ။အခုမှ တပ်မတော်က လိုက်ပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံတာမဟုတ်ပါဘူး။ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်း ပြီးတဲ့နောက်ပိုင်းကနေပြီးတော့ အဲ့ဒီက နဝတ ကြေညာချက်တွေကို ကြည့်မယ်ဆိုရင် ဒါ တပ်မတော်က ကိုယ်စားပြုပြီး ကြေညာခဲ့တာ ဖြစ် ပါတယ်။ အဲ့ဒီမှာ ပါတီစုံဒီမိုကရေစီကို သွားမယ်ဆိုပြီးတော့ ကျွန်တော်တို့က ပြောခဲ့တာရှိပါတယ်။ အဲ့ဒီအတိုင်းပဲ နောက်ဆုံးဒီပါတီစုံဒီမိုကရေစီစနစ်ကို အခိုင်အမာအထောက်အကူပေးနိုင်မယ့် ဖွဲ့စည်း ပုံအခြေခံဥပဒေကို ရေးဆွဲပြီးတော့မှ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သွားတဲ့ အခါမှာလည်း ကျွန်တော်တို့ ဒီရွေးကောက်ပွဲလမ်းကြောင်းကို ဖော်ဆောင် သွားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲလမ်းကြောင်းက သွားတာဖြစ်တဲ့အတွက်ကြောင့် ရွေးကောက်ပွဲ လုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်လုပ်ခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြဿနာအနည်းအကျဉ်း ရှိတာ လွဲလို့ ကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက် ကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ အဲ့ဒီနောက် မရိုးသားတဲ့၊ မသန့်စင်တဲ့ မဲရလဒ် တွေနဲ့ အာဏာရဖို့အတွက်၊ အဓမ္မအာဏာရဖို့အတွက် ကြိုးစားလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ ရှေ့လုပ် ငန်းစဉ်(၅)ရပ် ချမှတ်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တာ ကောင်စီဝင်များအားလုံး သိပြီးဖြစ်ပါ တယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးသလို ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း ကျွန်တော်တို့က ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားတဲ့ ပြည်သူတွေ နဲ့ တစ်သားတည်းရှိကြောင်းကိုလည်း ကျွန်တော်တို့ ပြောလိုပါတယ်။”